BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့တဲ့ မင်းသမီး Jane Birkin ပိုင် Hermès Birkin အိတ်ဒေါ်လာ ၁၀ သန်းကျော်နဲ့စံချိန်တင်
မင်းသမီး Jane Birkin ဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူ့ရဲ့ Birkin အိတ်မှာ ဒေါ်အောင်ဆန်းစုကြည် ပုံကပ်သုံးစွဲပြပြီးလှုပ်ရှားမှုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ဒီတန်ကြေးကြီးတဲ့အိတ်ဟာ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေရဲ့ အငွေ့အသက်ပါဝင်နေတဲ့အိတ်လည်းဖြစ်နေပါတယ်။
အမေရိကန် ဒီဇယ်ဆီစျေး အမြင့်ဆုံး စံချိန်တင် ထိုးတက်သွား
အီရန်စစ်ပွဲစခဲ့တဲ့ ဖေဖော်ဝါရီကုန်ကတည်းကစလို လောင်စာဆီစျေးတွေ ထိုးတက်လာခဲ့သလို ကမ္ဘာလက်ကား ရေနံစျေးတွေလည်း အလားတူ မြင့်တက်ခဲ့ပါတယ်။
နီပေါရေကြီးမှု ကိုးရက်ကြာပြီးနောက် အလုပ်သမားနှစ်ဦး အသက်ရှင်လျက် ပြန်တွေ့
နီပေါရေကြီးမှု ကိုးရက်ကြာပြီးနောက် အလုပ်သမားနှစ်ဦး အသက်ရှင်လျက် ပြန်တွေ့တဲ့ သတင်းအပါအဝင် စက်တင်ဘာ ၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အလွန်ပြင်းထန်နိုင်တဲ့ အယ်လ်နီညို ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂသတိပေး
အယ်လ်နီညို မိုးလေ၀သဖြစ်စဉ်ဟာ ကမ္ဘာ့စီးပွားရေး အဖျက်အမှောက်ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်နိုင်တယ်လို့ ကမ္ဘာ့မိုးလေ၀သဌာန(WMO)က သတိပေးပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ရုရှား-မြန်မာ-ဘယ်လာရုစ် လက်နက်ဆက်ဆံရေးကို ကျော်လွန်လာပြီလား
ဦးမင်းအောင်လှိုင်ရဲ့ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဥ်ကို လေ့လာကြည့်ရင် သူ့ဘက်ကိုယ့်ဘက် အပြိုင်အဆိုင် ရောင်းချနေကြတာကို တွေ့ရပါတယ်။ လက်နက်၊ နျူကလီးယားစွမ်းအင်ကစလို့ သဘာဝဓာတ်ငွေ့အလယ် သနပ်ခါးနဲ့ တီးမစ်အဆုံး ရောင်းကုန်စာရင်းထဲပါပါတယ်။
ဦးသော်ကောင်း - ၃၂ နှစ်နဲ့ ဗဟိုစာကြည့်တိုက်မှူးဖြစ်ခဲ့သူ ဖူကူအိုကာဆုရှင်
"သူ့လို မြန်မာမှုပညာရပ်များ၊ မြန်မာပြည်အကြောင်းရပ်များကို ပြည့်စုံစွာ ဖတ်ရှုတတ်ကျွမ်း သိနားလည်ပြီး အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် လူရိုသေ၊ ရှင်ရိုသေရေးနိုင်သူ မြန်မာပြည်တွင် သိပ်မရှိတော့ပါ" ဆိုပြီး မှတ်တမ်းတင် ဂုဏ်ပြုခံရသူ
မြန်မာစစ်တပ် ထိုင်းကိုတောင်းဆိုတဲ့ လက်နက်လမ်းကြောင်း ဖြတ်တောက်ရေး ဖြစ်တန်ခြေ
တရုတ်အကူအညီနဲ့ ရှမ်းမြောက်စစ်မျက်နှာပြင်ကို တခန်းရပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြတ်တောက်ရေးတွေ ပိုဖိလုပ်လာတဲ့ စစ်တပ်က ထိုင်းအကူအညီနဲ့ တောင်ပိုင်းကိုပါ ဖိအားပေးလိုဟန် ရှိတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ဦးအေး မဖြစ်ခဲ့တဲ့ ဦးစိုးဝင်း
လွန်ခဲ့တဲ့ ၃ လကျော် အတွင်း အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ဦးစိုးဝင်းရဲ့ ဓာတ်ပုံ နှစ်ကြိမ်သာ ထွက်လာခဲ့ဖူးပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြမခံခဲ့ရပါဘူး။
ဘုရင့်နောင် - အကျယ်ဆုံး မြန်မာ လက်နက်နိုင်ငံရှင်၊ ကမ္ဘာ့အမွေအနှစ် ခေါင်းလောင်းစာ ရေးထိုးခဲ့သူ
တပင်ရွှေထီးနဲ့ ဘုရင့်နောင်ခေတ်မှာ မွန်၊ မြန်မာ၊ ရှမ်းနဲ့ ထိုင်းယွန်း စတဲ့ လူမျိုးစုံကို စုစည်းပြီး လက်နက်နိုင်ငံကြီး ထူထောင်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း လူမျိုးစုချင်း သဟဇာတပေါင်းစည်းမှုထက် ပဒေသရာဇ် သစ္စာခံမှုအပေါ်ကို အားပြုတည်ဆောက်တဲ့ နိုင်ငံဖြစ်တာနဲ့ စစ်ဒဏ်ပိပြီး စိုက်ပျိုးကုန်သွယ်ရေးတွေမှာ အားမကောင်းတာတွေကြောင့် အင်္ဂလန်၊ ပြင်သစ် စတဲ့ ခေတ်ပြိုင် ဥရောပနိုင်ငံကြီးတွေလို အမျိုးသားနိုင်ငံအဆင့်ကို မြန်မာနဲ့ ပေါင်းသဟာယ ပြည်ထောင်များအဖြစ် မတက်လှမ်းနိုင်ဖြစ်ခဲ့ပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်

