အမြန်လမ်းပေါ် အရှိန်လွန်မောင်းတဲ့ ခရီးသည်ယာဥ်တိမ်းမှောက်မှု ၂၀ ကျော်ထိခိုက်ဒဏ်ရာရ
ရန်ကုန်- မန္တလေးအမြန်လမ်း (မန္တလေး မှ နေပြည်တော်အသွားလမ်းပိုင်း) မှာ ခရီးသည်တင် အ၀ေးပြေးယာဥ်တစ်စီးဟာ သတ်မှတ်မြန်နှုန်းကိုကျော်ပြီး အရှိန်လွန်မောင်းတာကြောင့် တိမ်းမှောက်မှုဖြစ်ခဲ့ပြီး လူ ၁ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတင်းထုတ်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မိဘဂုဏ်ယာဉ်လိုင်းက အဲဒီခရီးသည်တင်ယာဥ်ဟာ အမြန်လမ်းပေါ် သတ်မှတ်ကီလိုထက် ကျော်လွန်မောင်းနှင်နေတာကြောင့် အမြန်လမ်းတယ်လီမက်တစ်ထိန်းချုပ်စင်တာက ဖုန်းဆက်သတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိဘဲ တစ်နာရီကို ၁၀၂ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်ခဲ့တာကြောင့် သတိပေးပြီးမကြာခင်မှာ တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/c6wyzjrk1j0pt?at_campaign=ws_telegram ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်

😢8❤6👍2🤬2🔥1💩1
Media is too big
VIEW IN TELEGRAM
ဆိုင်ကယ်ကိုမတိုက်မိအောင်ရှောင်ရင်း မှောက်ခဲ့တဲ့ ဘတ်စကား
အိန္ဒိယနိုင်ငံ ကေရားလားပြည်နယ်မှာ မောင်းလာတဲ့ ဘတ်စကားတစ်စီးက လမ်းပေါ်က မော်တော်ဆိုင်ကယ်ကို မတိုက်မိအောင် ကွေ့ရှောင်လိုက်ရင်း ဓာတ်ဆီဆိုင်ရဲ့ တိုင်ကို ဝင်တိုက်ပြီး တိမ်းမှောက်သွားတာတွေ့ရမှာပါ။ အဲဒီလိုမှောက်သွားချိန် နောက်ထပ် ဆိုင်ကယ်သမားတစ်ယောက်ကို ပိမိမလို့ သီသီလေးလွတ်ခဲ့တာလည်း တွေ့ရမှာပါ။ လူ ၂၀ ကျော် ဒဏ်ရာရသွားပေမဲ့ အသက်သေဆုံးသူ မရှိခဲ့ပါဘူး။ •
#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #ယာဥ်တိုက်မှု

😢16❤5🔥4🤯1💩1
အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းရဲ့ အလယ်ပိုင်း ကာလီမန်တန်ဒေသမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကနေ ထွက်လာတဲ့ အဆိပ်သင့်မြူခိုးတွေဟာ မလေးရှားနဲ့ ဖိလစ်ပိုင်အပါအဝင် အရှေ့တောင်အာရှဒေသတွင်း ပျံ့နှံ့ ရောက်ရှိနေပါတယ်။
အင်ဒိုနီးရှားမှာ တောမီးကြောင့် ကျောင်းတွေ ပိတ်ထားရပြီး၊ လူ ထောင်ပေါင်းများစွာဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကြောင့် ဆေးရုံတင်ထားရပါတယ်။
သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/c6wyzjrk1j0pt?at_campaign=ws_telegram

🔥7❤3👍3👎2😱1
စျေးချိုချိုနဲ့ ပေါပေါများများထုတ်တဲ့ ဖက်ရှင်လုပ်ငန်းတွေကို ပြင်သစ်က အခွန်ကြီးကြီးကောက်မယ်
ပြင်သစ်နိုင်ငံမှာတော့ ခေတ်စားနေတဲ့အဝတ်အစား ဒီဇိုင်းတွေအတိုင်း နောက်ကနေ အများအပြားအစုလိုက်အပုံလိုက်လိုက်ထုတ်ပြီး၊ စျေးချိုချိုနဲ့ ရောင်းချနေတဲ့ အဝတ်အထည်လုပ်ငန်းတွေအပေါ် ပြင်သစ်က အခွန်အတုပ်ကြီးကြီးမားမား ကောက်ခံမယ့် ဥပဒေအပေါ် တရုတ်နိုင်ငံက ဝေဖန်လိုက်ပါတယ်။
ပြင်သစ်ရဲ့ အခွန်ဥပဒေအသစ်ရ "fast fashion" လို့ ရည်ညွှန်းခေါ်ကြတဲ့ စျေးချိုချိုနဲ့ အဝတ်အစား အစုလိုက် အပုံလိုက် ထုတ်ထားတာမျိုးတွေ အပေါ်၊ ဥပမာ ကုတ်အင်္ကျီ အနွေးထည်လိုမျိုးဆိုရင် တစ်ထည်ကို ၁၄ ဒေါ်လာထိအောင် အခွန် ပေးလာရဖို့ ရှိနေပါတယ်။
ဒါက Shein ရှီအင်းနဲ့ Temu တီမူး(တယ်မူး) တို့လို တရုတ်ရဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် ထိခိုက်မှာ ဖြစ်ပါတယ်။
သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/c6wyzjrk1j0pt

👍19❤3🔥3👏2👌1
အယ်လ်နီညိုရဲ့သက်ရောက်မှုတွေကို ကမ္ဘာတဝန်း စတင်ခံစားနေရတာကြောင့် ကမ္ဘာကြီးဟာ "ပြင်းထန်ရာသီဥတုအန္တရာယ်ဇုန်" ထဲ ရောက်ရှိနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်ပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်(WMO) က ထုတ်ပြန်တဲ့ နောက်ဆုံးအချက်အလက်တွေအရ သဘာဝရာသီဥတု ဖြစ်စဉ်တစ်ခုဖြစ်တဲ့ အယ်လ်နီညိုဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အပြင်းထန်ဆုံး ဖြစ်လာနိုင်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်ပြီးရှိနိုင်ပါတယ်။
အယ်လ်နီညိုကြောင့် ကမ္ဘာတဝန်း ရာသီဥတုပုံစံတွေ ပြောင်းလဲနိုင်ပြီး ဒေသတချို့မှာ မိုးခေါင်ရေရှားမှုတွေဖြစ်ပေါ်နိုင်သလို တခြားဒေသတွေမှာတော့ ပိုမိုပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်ပါတယ်။
အပြည့်အစုံ ဖတ်ရှုရန် - https://bbc.in/4iJMe3p?at_campaign=ws_telegram

BBC News မြန်မာ
အလွန်ပြင်းထန်နိုင်တဲ့ အယ်လ်နီညို ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂသတိပေး
အယ်လ်နီညို မိုးလေ၀သဖြစ်စဉ်ဟာ ကမ္ဘာ့စီးပွားရေး အဖျက်အမှောက်ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်နိုင်တယ်လို့ ကမ္ဘာ့မိုးလေ၀သဌာန(WMO)က သတိပေးပါတယ်။
👍15❤7🔥3
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ နောက်ထပ်အာဆီယံခရီးစဉ်တစ်ခုအဖြစ် ဗီယက်နမ်ကို ဒီနေ့ သွားမှာ ဖြစ်ပါတယ်။
၃ ရက်တာကြာမယ့်ခရီးစဥ်မှာ ဗီယက်နမ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးတာ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံတာအပြင် မြန်မာ-ဗီယက်နမ်စီးပွားရေးဖိုရမ်လည်း တက်ရောက် မယ်လို့ မြန်မာဘက်က စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဗီယက်နမ်ဘက်က မြန်မာနဲ့ပတ်သက်တဲ့ အဓိက စိတ်ဝင်စားချက်က ဘာဖြစ်မလဲ...
သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cqvgy9vz28ryt?at_campaign=ws_telegram

🖕10❤6👎4💩4😭2🔥1🤔1🍓1
Media is too big
VIEW IN TELEGRAM
ရေက ခါးအထိရောက်ပေမဲ့ မင်္ဂလာပွဲဆက်ခဲ့တဲ့ စုံတွဲ
ဖိလစ်ပိုင်က မြို့တော်မနီလာရဲ့ မြောက်ဘက်က ကမ်းရိုးတန်းမြို့လေး ဟာဂိုနွိုင်းမှာ လီယန်းဂါလန်းနဲ့ ဂီးလ်ဘတ် ချီကိုတို့ဟာ ဘုရားကျောင်းထဲရေကြီးနေတဲ့ ကြားမှာပဲ မင်္ဂလာလက်ထပ်ပွဲလုပ်ခဲ့ကြပါတယ်။
မီးလည်းပျက်နေလို့ ဘုရားကျောင်းက ဓာတ်ခဲနဲ့ဖွင့်ရတဲ့ စပီကာကိုသုံးပြီး အခမ်းအနားကို လုပ်ခဲ့ရတာပါ။ မိုးကြီးရေကြီးမှာမို့ မင်္ဂလာပွဲကို ရွှေ့ဖို့ အကြံပေးကြပေမဲ့ သူတို့က အစီအစဥ်မဖျက်ဘဲ ဆက်လုပ်ခဲ့ကြပါတယ်။ အဲဒီဒေသမှာ ပုံမှန်ထက်ပိုများတဲ့ မိုးရွာသွန်းမှုတွေကြောင့် ရေကြီးမြေပြိုတာတွေဖြစ်ပြီး လူ ၃၄ ယောက် အသက်ဆုံးခဲ့ပါတယ်။

❤16👍11😱3🔥2
အမျိုးသားသင်္ဘောသားအသစ်နဲ့ အမျိုးသမီး သင်္ဘောသားတွေ ပြည်ပကို အလည်အပတ်သွားရင် သင်္ဘောသားနိုင်ငံကူးလက်မှတ် PS အစား အလည်အပတ်အမျိုးအစား PV ကို ပြောင်းပြီးမှ ထွက်ခွာရမယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မနေ့ညက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၅ ရက်ကစပြီး PS အမျိုးအစား နဲ့ အလည်အပတ်ထွက်ခွာခွင့် မပြုတော့ဘူးလို့ သင်္ဘောသားဌာနခွဲက ထုတ်ပြန်တာပါ။
သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cqvgy9vz28ryt?at_campaign=ws_telegram
စက်တင်ဘာ ၁၅ ရက်ကစပြီး PS အမျိုးအစား နဲ့ အလည်အပတ်ထွက်ခွာခွင့် မပြုတော့ဘူးလို့ သင်္ဘောသားဌာနခွဲက ထုတ်ပြန်တာပါ။
သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cqvgy9vz28ryt?at_campaign=ws_telegram
🤬15❤12👎2🔥1🤣1😭1
ထိုင်းနိုင်ငံ၊ ပတ္တရားမှာ ကမ်းတက်အပန်းဖြေနေတဲ့ လင်ကွန်းလေယာဥ်တင်သင်္ဘောပေါ်က ရေတပ်သား ၂ ဦး အရက်မူးပြီး ရန်ဖြစ်လို့ သင်္ဘောပေါ် ပြန်ပို့ခံလိုက်ရတယ်လို့ ထိုင်းနဲ့ အမေရိကန် သတင်းတွေက ဖော်ပြပါတယ်။
စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်စဥ်က အသေးစားရန်ပွဲတစ်ခုသာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဖြေထားတာကို ထိုင်းနဲ့အမေရိကန်သတင်းတွေက ကိုးကားဖော်ပြပါတယ်။
သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cqvgy9vz28ryt?at_campaign=ws_telegram
စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်စဥ်က အသေးစားရန်ပွဲတစ်ခုသာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဖြေထားတာကို ထိုင်းနဲ့အမေရိကန်သတင်းတွေက ကိုးကားဖော်ပြပါတယ်။
သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cqvgy9vz28ryt?at_campaign=ws_telegram
🤣34❤4🔥3
နီပေါရေကြီးရေလျှံမှုပြီးနောက် တစ်ပတ်ကျော်အကြာမှာ လိုဏ်ခေါင်းထဲပိတ်မိနေတဲ့ အလုပ်သမားနှစ်ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။
ထရီရှူလီ ၃ အေ ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်ကနေ ဆန်းဂျယရှားနဲ့ ကဘီးမဟာရဇန်တို့ကို အသက်ရှင်လျက် ဆွဲထုတ်ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cqvgy9vz28ryt?at_campaign=ws_telegram
ထရီရှူလီ ၃ အေ ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်ကနေ ဆန်းဂျယရှားနဲ့ ကဘီးမဟာရဇန်တို့ကို အသက်ရှင်လျက် ဆွဲထုတ်ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cqvgy9vz28ryt?at_campaign=ws_telegram
❤28👍9🥰2🔥1🤣1
၂၀၂၃ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဗြိတိန် မင်းသမီး၊ အဆိုတော် Jane Birkin (ဂျိန်း ဘာကင်) ကိုယ်တိုင် အသုံးပြုခဲ့တဲ့ ပထမဆုံး Hermès Birkin (အဲရ်မက်စ် ဘာကင်) လက်ကိုင်အိတ်ဟာ ကမ္ဘာမှာလေလံတင် ရောင်းချခဲ့တဲ့ လက်ကိုင်အိတ်တွေထဲမှာ ကမ္ဘာ့ဈေးအမြင့်ဆုံးအဖြစ် စံချိန်တင်ထားတယ်လို့ ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ က ထုတ်ပြလာပါတယ်။
တကယ်တော့ Hermès က ပထဆုံးထုတ်လုပ်ခဲ့တဲ့ ဒီ Hermès Birkin ဟာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွှယ်နေခဲ့ပြီး ကမ္ဘာကျော် ဇိမ်ခံအမှတ်တံဆိပ်လက်ကိုင်အိတ်ဆိုတဲ့ အဓိပ္ပါယ်ထက်ပိုပါတယ်။
ဒီဆောင်းပါးမှာ ကမ္ဘာတဝန်း အမျိုးသမီး အများစုရဲ့ အိပ်မက်ထဲက ဇိမ်ခံလက်ကိုင်အိတ် Hermès Birkin ဖြစ်ပေါ်လာပုံ၊ ၂၀၀၀ ခုနှစ်နောက်ပိုင်းကာလတွေမှာ ဂျိန်း ဘာကင် က ဒေါ်အောင်ဆန်းစုကြည် အတွက်လှုပ်ရှားခဲ့တာတွေကို ဒီဆောင်းပါး https://www.bbc.com/burmese/articles/cj9xerr883xo?at_campaign=ws_telegram မှာ ဖတ်ရှုနိုင်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့တဲ့ မင်းသမီး Jane Birkin ပိုင် Hermès Birkin အိတ်ဒေါ်လာ ၁၀ သန်းကျော်နဲ့စံချိန်တင်
မင်းသမီး Jane Birkin ဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူ့ရဲ့ Birkin အိတ်မှာ ဒေါ်အောင်ဆန်းစုကြည် ပုံကပ်သုံးစွဲပြပြီးလှုပ်ရှားမှုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ဒီတန်ကြေးကြီးတဲ့အိတ်ဟာ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေရဲ့ အငွေ့အသက်ပါဝင်နေတဲ့အိ…
❤26👍14🤣4🥰1😁1🤮1
Media is too big
VIEW IN TELEGRAM
နီပေါလိုဏ်ခေါင်းထဲက နှစ်ဦးကို ၉ ရက်အကြာမှာ ကယ်နိုင်
နီပေါမှာ လူ ၁၂၀၀ ကျော်သေဆုံးခဲ့တဲ့ ရေကြီးမြေပြိုမှုတွေ ဖြစ်ခဲ့အပြီး လိုဏ်ခေါင်းထဲမှာ ပိတ်မိနေခဲ့တဲ့ လူတွေထဲက နှစ်ဦးကို ကိုးရက်အကြာမှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့ဟာ အဲဒီ ဒေသမှာ လုပ်နေတဲ့ ထရီရှူလီ ၃ အေ ရေအားလျှပ်စစ်စီမံကိန်းက လုပ်သားတွေပါ။ အနားတဝိုက်က တခြား ဥမင်တွေထဲမှာလည်း လုပ်သား ၁၅၀ ကျော် ပိတ်မိနေဆဲ ဖြစ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်ရှာနေကြပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #နီပေါ #သဘာဝဘေး #ရေကြီး #မြေပြိုမှု

👍27❤2🔥1😢1🤣1
သတင်းလုံခြုံရေးကျိုးပေါက်မှုကြောင့် အရေးယူခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့ ဒုတပ်ချုပ်ပြော
စစ်တပ်အတွင်း လုံခြုံရေးသတင်း ကျိုးပေါက်ရင် အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ဖြစ်ပြီး ရန်သူနဲ့ဆက်စပ်နေတာဆိုရင်တော့ အနှစ် ၂၀ ကနေ သေဒဏ်အထိ ချမှတ်တာရှိတယ်လို့ CDM တပ်အရာရှိတချို့က ရှင်းပြပါတယ်။
ဒီသတင်းအပြည့်အစုံနဲ့အတူ စက်တင်ဘာ ၅ ရက် သတင်းများအနှစ်ချုပ်ကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c4gvedggzl5o?at_campaign=ws_telegram ကို နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဓာတ်ပုံ-Cincds(ပုံဟောင်း)

😁8👍3🤣2❤1🔥1💩1